Main menu

ဖျာပုံမြို့နယ်ရှိ အချိုရည်အရောင်းဆိုင်များ ကွင်းဆင်းစစ်ဆေး

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုးမင်းထိုက် (စစ်ဆေးရေးအရာရှိ)၊မြို့နယ်တာဝန်ခံ ဦးမင်းဇော် (စစ်ဆေးရေးအရာရှိ)နှင့် ဝန်ထမ်းတို့သည် စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၇) ရက်နေ့ ၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဖျာပုံမြို့နယ်ရှိ အချိုရည်အရောင်းဆိုင်များ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

    အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ဈေးကွက်အတွင်း ရောင်းချနေသော အချိုရည်ဘူးများ၌  ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှုရှိ/မရှိ၊ သက်တမ်းလွန်အချိုရည်ဘူးများ ရောင်းချနေခြင်းရှိ/မရှိ ၊ FDA ထောက်ခံချက်များ ပြည့်စုံမှန်ကန်မှုရှိ/မရှိတို့ကို စစ်ဆေးခဲ့ကြပါသည်။ ထို့နောက် စားသုံးသူရေးရာဦးစီးဌာနမှ ဦးစိုးမင်းထိုက် (စစ်ဆေးရေးအရာရှိ)က ရောင်းချနေသော အချိုရည်ဘူးများနှင့်ပတ်သက်၍ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ ၊ မြန်မာဘာသာနှင့် အခြားဘာသာ တစ်ခုထက်ပို၍ တွဲလျက်ဖော်ပြထားသော အချိုရည်ဘူးများကိုသာရောင်းချကြရန်နှင့် ပါဝင်ပစ္စည်း၊ ထားသိုသိမ်းဆည်းပုံအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်၊ FDA ထောက်ခံချက်၊ Expired Dateများဖော်ပြထားရှိခြင်းရှိ/မရှိ တို့ကိုစစ်ဆေးခဲ့ကြရာ ပြည့်စုံမှန်ကန်ကြောင်းတွေ့ရှိရသဖြင့် ‌အချိုရည်အရောင်းဆိုင်များအနေဖြင့်လည်း ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များ ပြည့်စုံစွာ ပါဝင်သော အချိုရည်များကိုသာ ရောင်းချကြရန် အသိပညာပေးခဲ့ကြောင်း၊ ကွင်းဆင်းစစ်ဆေးမှုအရ သတင်းရရှိပါ သည်။

DOCA(ဧရာဝတီ)