စားသုံးသူရေးရာဦးစီးဌာန ၊ ကျန်းမာရေးဦးစီးဌာန၊ ကျောင်းကျန်းမာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ (၇-၁၀-၂၀၂၄) ရက် ၊ နံနက်(၀၉:၀၀) နာရီအချိန်တွင် ဓနုဖြူမြို့ရှိ သပြုအ.ထ.က.ခွဲ အခြေခံပညာအထက် တန်းကျောင်းခွဲ၌ ကျောင်းမုန့်ဈေးတန်း (၆)ဆိုင်တွင် ရောင်းချနေသော စားသောက်ကုန်များကို ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကိုက်ညီမှုရှိ /မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိ ဦးဝင်းမင်းစိုး ဦးစီးအရာရှိက ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချနေသော အသင့်စားမုန့်အမျိုးမျိုးတို့ကို ကုန်အညွှန်းအမှတ်အသား ပြည်စုံစွာဖော်ပြထားမှုရှိ/မရှိ စစ်ဆေးဆောင်ရွက်ခြင်း၊ ကလေးသူငယ်များကို ရောင်းချနေသည့် မြန်မာမုန့်များ၊ လက်သုပ်မုန့်များကို သန့်ရှင်းသောလက်အိတ်သုံး၍ ရောင်းချရန် မသန့်ရှင်းသော အစားအသောက်များ ရောင်းချမှုမရှိစေရေး ပညာပေးခြင်း၊ တိုင်းဒေသကြီး စားသုံးသူရေးရာ ကော်မတီက သတ်မှတ်ထားသော ဦးစားပေးဆောင်ရွက်မည့် ကုန်စည် (၁၀) မျိုးထဲမှ အချိုရည်နှင့် ယိုမျိုးစုံ၊ အသင့်ဖျော်ကော်ဖီ လက်ဖက်ရည်ထုတ်၊ အသင့်စားခေါက်ဆွဲခြောက်ထုတ် အမျိုးမျိုး၊ အသင့်စားမုန့်အမျိုးမျိုးတို့တွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ သတ်မှတ်ချက်အတိုင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ စားသုံးသူ အခွင့်အရေးနှင့် အကျိုးစီးပွားနစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားနိုင် သည့် အတွက် တိုင်ကြားနိုင်သည့်နေရာများ၊ စားသုံးသူကာကွယ်ရေးနှင့် စပ်လျဉ်း၍ သက်ဆိုင်သော အကြောင်းများကို မေးမြန်းစုံစမ်းနိုင်သည့် Consumer Call Center 1535 အကြောင်းများ မုန့်ဆိုင်လုပ်ငန်းရှင်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)