Main menu

မြောင်းမြခရိုင် မော်ကျွန်းမြို့နယ်သို့ ရန်ကုန်မြို့ရှိ စားအုန်းဆီကုမ္ပဏီများမှ ဆီကားများရောက်ရှိလာမှုအပေါ် ကွင်းဆင်းစစ်ဆေး

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် မော်ကျွန်းမြို့နယ် တာဝန်ခံ ဦးမင်းဇော်လတ်နှင့်ဝန်ထမ်းများသည် ဆီအသင်းဥက္ကဌဦးသိန်းကျော်နှင့်ပူးပေါင်း၍ (၆.၁၀.၂၀၂၄)ရက်နေ့ ည(၁၉:၀၀)နာရီအချိန်တွင် မော်ကျွန်းမြို့နယ်ရှိစားအုန်းဆီ လက်လီ/လက္ကားကိုယ်စားလှယ်များထံသို့ ရန်ကုန်မြို့ရှိ စားအုန်းဆီကုမ္ပဏီများမှ တော်ဝင်ဧကရာဇ်ကုမ္ပဏီ၏ (ယာဉ်အမှတ် 4M-7214) မော်တော်ယာဉ် ဖြင့်စားအုန်းဆီ (၃၈)ပေပါ (သို့) ပိဿာ ၄၁၈၀ သည် မော်ကျွန်းမြို့သို့ ရောက်ရှိလာခဲ့ကြောင်း မြို့နယ်တာဝန်ခံထံမှသိရှိရပါသည်။

       အဆိုပါစားအုန်းဆီများကို မြောင်းမြခရိုင် မော်ကျွန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံက သွားရောက်စစ်ဆေးခဲ့ပြီး ရောက်ရှိလာသောစားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင် ကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့် လက်လီ/လက္ကားရောင်းချသော ဆီကိုယ်စားလှယ်ဆိုင်များသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ပြီး၊ လက်လီ/လက္ကားဆိုင်များမှလည်း စားသုံးသူပြည်သူများသို့ ၂% အမြတ် ဖြင့်ပြန်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်း စားအုန်းဆီခွဲတမ်းရရှိသော ကိုယ်စားလှယ်များထံမှ သိရှိရပါသည်။

DOCA(ဧရာဝတီ)