ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် မော်ကျွန်းမြို့နယ် တာဝန်ခံဦးမင်းဇော်လတ်နှင့်ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၈.၁၀.၂၀၂၄)ရက်နေ့ မွန်းလွဲ(၁၃:၀၀)နာရီအချိန်တွင် (၁၃)လမ်းရှိ ကုန်မျိုးစုံဆိုင်များတွင်ရောင်းချ နေသောအသင့်စားခေါက်ဆွဲခြောက်ထုပ်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မော်ကျွန်းမြို့နယ်တာဝန်ခံမှ (၁၃)လမ်းဈေးရှိ ကုန်မျိုးစုံဆိုင်များတွင်ရောင်းချနေသော အသင့်စားခေါက်ဆွဲခြောက်ထုပ်များအား ကုန်အညွှန်း ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ၊ စားသုံးသူဘေးအန္တရာယ်ဖြစ်စေနိုင်သော အစားအသောက်များ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံနှုန်းနှင့်ကိုက်ညီမှုရှိခြင်း၊ သက်ဆိုင်ရာ ဌာနမှခွင့်ပြုထား သောကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသည့် ခေါက်ဆွဲခြောက်ထုပ်များကိုသာ ဈေးကွက်အတွင်းတင်သွင်းရောင်းချစေရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရှိရ ပါသည်။
DOCA(ဧရာဝတီ)