Main menu

မြောင်းမြခရိုင် မော်ကျွန်းမြို့ ဆိပ်ကမ်းသာဈေးရှိ ဆေးနှင့်ဆေးပစ္စည်းရောင်းချသောဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် မော်ကျွန်းမြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်နှင့်ဝန်ထမ်းများသည် မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍(၈.၁၀.၂၀၂၄)ရက်နေ့ နံနက် (၁၀:၀၀)အချိန်တွင် ဆိပ်ကမ်းသာဈေးအတွင်းရှိ  မြင့်မိုရ်ဆေးဆိုင်နှင့် အောင်ဆေးဆိုင်များအား ဆေးဝါးပြတ်လပ်မှု ရှိ/မရှိ နှင့် ဈေးနှုန်းအခြေအနေများအားကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံမှ ဆိပ်ကမ်းသာဈေးအတွင်းရှိ ဒေါ်အေးအေးမော်(မြင့်မိုရ်ဆေးဆိုင်)နှင့် ဦးမြင့်အောင်(အောင်ဆေးဆိုင်)တို့တွင်ရောင်းချနေသော ဆေးနှင့်ဆေးဝါးပစ္စည်းများကိုစစ်ဆေးခဲ့ရာ ရောင်းချနေသောဆေးနှင့်ဆေးပစ္စည်းများကို ရန်ကုန်မြို့ ရှိဆေးဝါးကုမ္ပဏီများမှဝယ်ယူရရှိပြီး ယခင်ထက်(၅)ရာခိုင်နှုန်းခန့်သာ ဈေးနှုန်းများ အနည်းငယ် မြင့်တက်ကြောင်းနှင့် ဝယ်ယူသောစားသုံးသူပြည်သူများအနေဖြင့် ဆေးဝါးပြတ်လပ်မှုမရှိစေဘဲ မိမိတို့လိုအပ်သောဆေးများကို အခက်အခဲမရှိဝယ်ယူရရှိနေကြောင်းနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချ ခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆေးသိုလှောင်ထားရှိခြင်းများ စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြင့်မိုရ်ဆေးဆိုင်နှင့် အောင်ဆေးဆိုင်ပိုင်ရှင်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)