
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပြီး စားသုံးသူရေးရာဦးစီးဌာနမှ အကြီးတန်း စာရေးဒေါ်ဇင်မေထက်သည် ၄.၁၀.၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် အွန်လိုင်းရောင်းချခြင်းလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာ Talk Show အစီအစဉ်ကျင်းပဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ ဆွေးနွေးပြောကြားချက်များထဲမှ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုလုပ်ငန်းများအဖြစ် သတ်မှတ်ပြီး အမိန့်ကြော်ငြာစာအမှတ် (၅၁/၂၀၂၃) ဖြင့် အမိန့်ထုတ်ပြန်ထားပြီး၊ ၂၀၂၃ ခုနှစ် ဇူလိုင်လ (၂၁) ရက်နေ့တွင် စတင်အာဏာ သက်ဝင်ခဲ့ကြောင်းနှင့် မှတ်ပုံတင်ထားခြင်းမရှိသည့် Online Sale များကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ (၅) အရ အရေးယူခံရမည်ဖြစ်ကြောင်း စသည့်အချက်များအား အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)