
စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်ချက်အရ စားသုံးသူများအားလုံးသည် ကုန်စည်နှင့်ဝန်ဆောင်မှုများကိုအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်ရေးအတွက် ခရိုင်အတွင်းရှိ ထုတ်လုပ်လျက်ရှိသော ကုန်စည်များနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်စွာဖော်ပြမှုရှိစေရေးရည်ရွယ်၍ ဆောင်ရွက်လျက်ရှိရာ ပြည်ခရိုင်အတွင်း ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့မှ(၈)ရက်နေ့အတွင်း ပြည်မြို့၊ ဆံတော်ရပ်ကွက်ရှိ ဒေါ်တိုးတိုးဝင်း၏ စိန်နွားမင်းယိုမျိုးစုံဆိုင်သို့လည်းကောင်း၊ ရွှေတောင်မြို့၊ ကြာနီကန်ရပ်ကွက်၊ ယုဇနလမ်းရှိ ဦးမျိုးမင်းနိုင်၏ ကံ့ကော်အောင်ရှောက်တောင့်လုပ်ငန်းသို့လည်းကောင်း၊ ပျော်ဘွယ်တန်းလမ်းယွန်းတန်းရပ်ကွက်ရှိ ဦးသိန်းထိုက်ဦး၏ MKဆီစက်သို့လည်းကောင်း၊ ပေါက်ခေါင်းမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ဦးဇော်ဝင်း၏ မြေပဲဆန်ရောင်းဝယ်ရေးလုပ်ငန်းသို့လည်းကောင်း သက်ဆိုင်ရာမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် သွားရောက်၍ မိမိတို့ဖြန့်ဖြူးရောင်းချလျက်ရှိသောကုန်စည်များတွင် အရည်အသွေး၊ အလေးချိန်၊ အချင်အတွယ်၊ ပမာဏနှင့် အမျိုးအစားများ မှန်ကန်စွာဖြန့်ဖြူးရောင်းချမှုရှိစေရေး၊ စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ထုတ်လုပ်ရောင်းချမှုရှိစေရေး၊ ကုန်စည်အလိုက်ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ၊ ပြည့်စုံမှန်ကန်စွာဖော်ပြမှုရှိစေရေး လိုက်နာဆောင်ရွက်ကြရန်နှင့် နောက်ပိုင်းကာလများတွင် ကွင်းဆင်းစစ်ဆေးမှုများနှင့်အတူ အရေးယူဆောင်ရွက်မှုများပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အထူးအလေးထားလိုက်နာဆောင်ရွက်ကြရန် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ပဲခူး)