Main menu

ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ သောက်ရေသန့်အမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မြတ်သက်နိုင် (ဌာနခွဲစာရေး) နှင့် ဝန်ထမ်းများသည် တောင်ဥက္ကလာပမြို့နယ်၊ ဝေဇန္တယာ City Mark မှ တာဝန်ခံနှင့်တွေ့ဆုံ၍ ၉.၁၀.၂၀၂၄ ရက်နေ့ ၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ ဆောင်ရွက်ရာတွင် တောင်ဥက္ကလာပမြို့နယ်၊ ဝေဇန္တယာ City Mark ရှိ သောက်ရေသန့်အမျိုးမျိုးဖြစ်သော Designer  TOURIST  Max   ALPINE ၊ စသည့် သောက်ရေသန့်အမျိုးမျိုးမှာ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိသည်ကို စစ်ဆေးတွေ့ရှိရပြီး ဆိုင်မှဝန်ထမ်းများကို စားသုံးသူများအား သတင်းအချက်အလက်များ အပြည့်အဝပေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များအား သိရှိလိုက်နာစေရန်  အသိပညာပေးဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)