Main menu

သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် တိုင်းရင်းဆေးအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၉-၁၀-၂၀၂၄) ရက်နေ့၊ နေ့လယ်(၁၁:၀၀)နာရီအချိန်တွင် တိုင်းရင်းဆေးအမျိုးမျိုးအား ကွင်းဆင်း စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

        ထိုသို့ဆောင်ရွက်ရာတွင် သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်းမပေါ်ရှိ ဆေးဆိုင် (၅)ဆိုင်ရှိ အင်္ဂလိပ်အပါအဝင် တိုင်းရင်းဆေးအမျိုးမျိုးဖြစ်သော ဝါယောအဓိက၊ မှန်ချို၊ ဧကမ္ဘာ၊ ဦးအံ့၊ ရှမ်းပျိုမယ်သွေးဆေး၊ ဂြိုလ်ထု ဝမ်းနှုတ်ဆေး၊ ရွှေ(ခရမ်းဦးချစ်)နှလုံးအားဆေး၊ မဟာဖြေဆေး၊ ဆန္ဒမွန်၊ ထက်လင်းရင်လူးဆေး၊ မိဂသီ / ထွန်းရွှေဝါဒါဏ်ကြေလိမ်းဆေး၊ အစရှိသောဆေးများတွင် ကုန်အညွှန်းအမှတ်အသားပြဌာန်းခြင်းဆိုင်ရာ ဖော်ပြရမည့်အချက်များ ပြည့်စုံစွာပါရှိသည်ကို တွေ့ရှိရပြီး ခရိုင်ဦးစီးမှူးမှ ကုန်အညွှန်းအမှတ်အသားပြည့်စုံသော တိုင်းရင်းဆေးဝါးများကိုသာရောင်းချပေးရန်နှင့် စပ်ဆေးများရောင်းချခြင်းမပြုရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)