Main menu

အသင့်စားမုန့်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိမှု ရှိ/မရှိ စစ်ဆေးခြင်း

Powered by Drupal

    ၉.၁၀.၂၀၂၄ ရက်နေ့ နေ့လယ်ပိုင်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်လဲ့လဲ့ဌေး(ဒုဦးစီးမှူး)နှင့်ဝန်ထမ်းများသည် ဗိုလ်တထောင်မြို့နယ်၊ သာကေတ မြို့နယ်ရှိ အသင့်စားမုန့်အမျိုးမျိုးအား ရောင်းချသည့် ကုန်စုံဆိုင်(၇)ဆိုင်အား ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိမှု ရှိ/မရှိ စစ်ဆေးခြင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

    အဆိုပါ အသင့်စားမုန့်အမျိုးမျိုးအား စစ်ဆေးရာတွင် သက်ဆိုင်ရာဌာနများ၏ သတ်မှတ်ချက်များပါရှိပြီး စားသုံးသူကာကွယ်ရေးဥပဒေနှင့် ကိုက်ညီမှုရှိသော ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြပါရှိသည့် မုန့်များကိုသာ ရောင်းချသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)