Main menu

ကန့်ဘလူမြို့နယ်တွင် မြန်မာ့ရိုးရာရက်ကန်းလုပ်ငန်း လုပ်ကိုင်ခြင်းဖြင့် မိသားစုဝင်ငွေရရှိ

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ၂၀၂၄ ခုနှစ် ၊ အောက်တိုဘာလ ၁၀ ရက် နံနက်(၁၀:၀၀)နာရီအချိန်တွင် ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ဦးညွှန့်ရွှေ၏ ရက်ကန်းလုပ်ငန်းသို့ ကွင်းဆင်းလေ့လာခဲ့ကြောင်း သိရသည်။

     ထိုသို့ကွင်းဆင်းတွေ့ဆုံဆွေးနွေးရာတွင် တာဝန်ခံက ရက်ကန်းလုပ်ငန်းသည် မြန်မာ့ရိုးရာ အမွေအနှစ်လက်မှုပညာဖြစ်သောကြောင့် တန်ဖိုးထားလေးစားကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ရက်ကန်းလုပ်ငန်းနှင့်ပတ်သက်၍ လိုအပ်ချက်များ၊ အခက်အခဲများရှိပါက အထက်အဆင့်ဆင့်သို့ တင်ပြ၍ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းရှင်မှ မိသားစုတစ်နိုင်တစ်ပိုင်ဖြစ်သည့်အတွက် လက်ရက်ကန်း(၃)စင်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ရက်ကန်းရက်လုပ်ရာတွင် အသုံးပြုသည့်ချည်များကို ဒေသတွင်းဆိုင်များမှ ဝယ်ယူ၍၊ ရရှိလာသောအထည်များကိုလည်း အဆိုပါဆိုင်မှပြန်လည်ဝယ်ယူကြောင်း၊ မိမိတို့အနေဖြင့် အခြားဒေသများသို့ တိုက်ရိုက်တင်ပို့ရောင်းချခြင်းမရှိကြောင်း၊ ဈေးနှုန်းအဖြင့် အနိမ့်ဆုံး ငွေကျပ် ၄၅၀၀၀ မှ ၂၀၀၀၀၀ကျော်ထိ ရက်လုပ်ကြောင်း၊ ရက်ကန်းစင်၊ ချည်အမျိုးအစားနှင့် ရက်လုပ်ရသည့် အလွှားအရေအတွက်ပေါ်မူတည်၍ ဈေးနှုန်းများကွာခြားကြောင်း၊ မိမိတို့အနေဖြင့် မြန်မာ့ရိုးရာ အမွေအနှစ်လက်မှုပညာကို ထိန်းသိမ်းရာလည်းရောက်၊ အလုပ်အကိုင်းလည်းရ မိသားစုဝင်ငွေလည်းရရှိသည့်အတွက် အဆင်ပြေလျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)