မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးရှိ ဒုတိယခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၉.၁၀.၂၀၂၄)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ ဆောင်ရွက်သည့် လုပ်ငန်းရှင်များအနေဖြင့် မှတ်ပုံတင် လျှောက်ထားရန်အတွက်နှင့် မှတ်ပုံတင်လက်မှတ်ရရှိသူများ အနေဖြင့် လိုက်နာရမည့်တာဝန်များနှင့် အခွင့်အရေးများအား သိရှိစေရန်ရည်ရွယ်၍ ပခုက္ကူမြို့၊ အမှတ်(၆)ရပ်ကွက်၊ မြိုင်လမ်းပေါ်ရှိ Cosmetics များ ရောင်းချသည့် လုပ်ငန်းရှင်ထံသို့ သွားရောက်၍ အသိပညာပေး ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ဒုတိယခရိုင်ဦးစီးမှူးက Online Registration မှတ်ပုံတင်ထားသည့် လုပ်ငန်းများသည် မြေပြင်တွင် အမှန်တကယ်ရောင်းချခြင်းရှိ/မရှိကို စစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်များ အနေဖြင့် Online Registration မှတ်ပုံတင်ထားရန် လိုအပ်ကြောင်း၊ ထိုသို့ Online Registration မှတ်ပုံတင်ထားခြင်းဖြင့် Online Sale ရောင်းချနေသော လုပ်ငန်းများမှ ကုန်စည်အမျိုးမျိုးကို စားသုံးသူများအနေဖြင့် ဝယ်ယူသုံးစွဲရာတွင်လည်း ဘေးအန္တရာယ်ကင်းရှင်းပြီး အာမခံချက်များ ရရှိမည်ဖြစ်ကြောင်း၊ ထို့ကြောင့် လုပ်ငန်းရှင်များအား မိမိတို့ရောင်းချသည့် အလှကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ ဖက်ရှင်အသုံးအဆောင်၊ ဖန်စီပစ္စည်းများ ရောင်းချနေမှုအပေါ် မှတ်ပုံတင် လျှောက်ထားရန်အတွက် လျှောက်ထားရန် အခြေခံလိုအပ်ချက်များအပါအဝင် အခြားသိကောင်း စရာများနှင့် လိုအပ်သည်များကိုလည်း အကြံပြုဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)
ပခုက္ကူမြို့ပေါ်ရှိ Online Sale ရောင်းချသည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး အသိပညာပေး
Powered by Drupal