Main menu

ဈေးကွက်အတွင်း စပ်ဆေး ဆေးဝါးရောင်းချနေမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၊ စားသုံးသူရေးရာမြို့နယ် တာဝန်ခံရုံးမှ ဝန်ထမ်းများသည် မြို့နယ်ကျန်းမာရေးမှူး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ တိုင်းကျန်းမာရေးဦးစီးဌာန၏ ညွှန်ကြားချက်အရ နတ်တလင်းမြို့ပေါ်ရှိ ဆေးပစ္စည်းအရောင်းဆိုင်များနှင့် မြို့မဈေးအတွင်း ရောင်းချနေသော ကုန်မျိုးစုံဆိုင်များတွင် ဈေးကွက်အတွင်း စပ်ဆေးများ ရောင်းချနေမှုရှိ/မရှိ (၁၁.၁၀.၂၀၂၃) ရက်နေ့တွင် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။
သို့ဖြစ်ပါ၍ နတ်တလင်းမြို့ပေါ်ရှိ ဆေးပစ္စည်းအရောင်းဆိုင်များနှင့် မြို့မဈေးအတွင်း ရောင်းချနေသော ကုန်မျိုးစုံဆိုင်များတွင် စပ်ဆေးများ ရောင်းချခြင်းရှိ/မရှိ ဈေးကွက်အတွင်း ရောင်းချခြင်းမရှိပါကြောင်း ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ပြည့်စုံစွာပါရှိစေရေးနှင့် ဆေးပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး စားသုံးသူကာကွယ်ရေးဥပဒေနှင့် ကိုက်ညီမှုမရှိသော ကုန်စည်များအား ဝယ်ယူရောင်းချခြင်းမပြုရန် အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
DOCA(ပဲခူး)