Main menu

ကျိုင်းတုံမြို့နယ်အတွင်းရှိ ဆန်စက်များအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

    ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ(၁၀)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် ကျိုင်းတုံမြို့နယ်၊ ရပ်ကွက်(၄)အတွင်းရှိ ဆန်စက်များအား ဆန်သိုလှောင်ထားရှိမှု၊ ဆန်ကြိတ်ခွဲမှု၊ ဆန်လက်ကျန်အခြေအနေနှင့် သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် ရောင်းချနိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျိုင်းတုံမြို့နယ်အတွင်းရှိ ဆန်စက်များတွင် ဒေသထွက်ဧည့်မထဆန်၊ မှော်ဘီ(၃)ဆန်၊ ရွှေရင်အေးဆန်/စပါးများကိုသာ ကြိတ်ခွဲ ရောင်းဝယ်မှုပြုကြသည်ကို တွေ့ရှိရပါသည်။ ထို့နောက် စစ်ဆေးရေးမှူးနှင့် တာဝန်ရှိသူများသည် ဆန်စက်ပိုင်ရှင်များအား သင့်တင့်မျှတသောဈေးနှုန်းများဖြင့် ရောင်းဝယ်မှုပြုကြရန်၊ ဈေးကစားရန်အလို့ငှာ သိုလှောင်ခြင်းများမပြုကြရန်၊ စပါးတင်း(၅၀၀၀)နှင့်အထက် စပါးသိုလှောင်ရုံများအား Myro တွင် မှတ်ပုံတင်ဆောင်ရွက်ကြရန်နှင့် စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို လိုက်နာဆောင်ရွက်ရန် အသိပညာပေးကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)