Main menu

ဇလွန်မြို့နယ် အွန်လိုင်းမှတစ်ဆင့် ဝယ်ယူခြင်းနှင့် စပ်လျဉ်း၍ TALK SHOW အစီအစဉ်ဆောင်ရွက်ခြင်း

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် (၉.၁၀.၂၀၂၄)ရက်နေ့ နံနက် (၁၁:၀၀)အချိန်တွင် ဇလွန်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အွန်လိုင်းမှတစ်ဆင့် ဝယ်ယူခြင်းနှင့်စပ်လျဉ်း၍ အားသာချက်/အားနည်းချက်များအကြောင်း Talk Showအစီအစဉ်ကို ဆောင်ရွက်ခဲ့ပါသည်။

   အဆိုပါအစီအစဉ်တွင် မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးက  အွန်လိုင်းမှတစ်ဆင့်ဝယ်ယူခြင်းနှင့်စပ်လျဉ်း၍ သိကောင်းစရာများအကြောင်းမှ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းသည် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကိုဖြစ်စေ အွန်လိုင်းစနစ်မှတစ်ဆင့် ဝန်ဆောင်မှုရောင်းချသည့် လုပ်ငန်းဖြစ်ကြောင်း၊ အွန်လိုင်း မှတစ်ဆင့် ဝယ်ယူခြင်းတွင် အားသာချက်နှင့်အားနည်းချက်ဟူ၍ ယှဉ်တွဲဖော်ပြထားပြီး၊ အားသာချက်မှာ အွန်လိုင်းစနစ်ဖြင့်ဈေးဝယ်ရာတွင် ကိုယ်တိုင်သွားရောက်ဝယ်ယူရန်မလိုဘဲ အင်တာနက်ရရှိသည့် မည်သည့်နေရာမှမဆို အချိန်မရွေးဝယ်ယူနိုင်ခြင်း၊ မိမိလိုအပ်ချက်နှင့် ကိုက်ညီသည့် ကုန်စည်ကို အွန်လိုင်းဆိုင်များမှ ပိုမိုရွေးချယ်နိုင်ခြင်း၊ ဈေးနှုန်းသုံးသပ်နိုင်ခြင်း၊ အခြားဝယ်ယူသူများ၏ သုံးသပ်ချက်များ၊ သတ်မှတ်ချက် များအားဝင်ရောက်ကြည့်ရှု၍ ဝယ်ယူရာတွင် အထောက်အကူဖြစ်စေခြင်း၊ အချိန်ကုန်သက်သာစေခြင်း၊ အိမ်/ကားဂိတ် အရောက်ပို့ဆောင်သည့် စနစ်ပါရှိခြင်းကြောင့် အချိန်မကုန်စေဘဲ အလွယ်တကူဝယ်ယူ ရရှိနိုင်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ အွန်လိုင်းဈေးဝယ်ယူခြင်း၏ အားနည်းချက်အနေဖြင့် ပို့ဆောင်သည့် စနစ်ပါဝင်ခြင်းကြောင့် အပိုကုန်ကျစရိတ်ရှိခြင်း၊ အချိန်လိုအပ်ချက်ရှိခြင်း၊ အစားထိုးလဲလှယ်မှုများ၏ လုပ်ငန်းစဉ် ရှုပ်ထွေးမှုရှိနိုင်ခြင်း၊ ကုန်စည်(သို့) ဝန်ဆောင်မှုဆိုင်ရာ အချက်အလက်များ လိမ်လည်ဖော်ပြခြင်း၊ ငွေပေးချေမှုဆိုင်ရာအချက်များချိုးဖောက်ခံရနိုင်ခြင်း၊ တရားမဝင်သောအွန်လိုင်းများမှ လိမ်လည်မှုခံရနိုင်ကြောင်း စသည်တို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(ဧရာဝတီ)