Main menu

မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် ရေကျော်ရပ်ကွက်ရှိ (ဗိုလ်မ)အမှတ်တံဆိပ်ငါးဖယ်မုန့်လုပ်ငန်းအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် တာဝန်ခံဦးအောင်မိုးနှင့်ဝန်ထမ်းများသည်  (၁၁.၁၀.၂၀၂၄)ရက်နေ့ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် ရေကျော်ရပ်ကွက်ရှိ  (ဗိုလ်မ)အမှတ်တံဆိပ် ငါးဖယ်မုန့်လုပ်ငန်းအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။   

    ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင်  ဝါးခယ်မမြို့နယ်တာဝန်ခံမှ ရေကျော်ရပ်ကွက်ရှိ  (ဗိုလ်မ)အမှတ်တံဆိပ် ငါးဖယ်မုန့်လုပ်ငန်းတွင် ထုတ်လုပ်လျက်ရှိသော ငါးဖယ်မုန့်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိ၊ စားသုံးသူဘေးအန္တရာယ်ဖြစ်စေနိုင်သော ပါဝင်ပစ္စည်းများရှိ/မရှိ စစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံနှုန်းနှင့် ကိုက်ညီမှုရှိခြင်း၊ သက်ဆိုင်ရာဌာနမှ ခွင့်ပြုထားသော ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသည့် (ဗိုလ်မ)အမှတ်တံဆိပ် ငါးဖယ်မုန့်များကိုသာ ဈေးကွက်အတွင်းသို့ တင်သွင်းရောင်းချစေရန် (ဗိုလ်မ)ငါးဖယ်မုန့်လုပ်ငန်းပိုင်ရှင်အား အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)