Main menu

မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်ရှိ လက်လီ/လက္ကားရောင်းချနေသော ဆန်ဆိုင်များတွင် သတ်မှတ်ရည်ညွှန်းဈေးနှုန်းများဖြင့် ရောင်းချနေမှု ရှိ /မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် တာဝန်ခံ ဦးအောင်မိုးနှင့်ဝန်ထမ်းများသည် မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းနှင့် ပူးပေါင်း၍  (၁၁.၁၀.၂၀၂၄) ရက်နေ့၊ နံနက်(၀၈:၃၀)နာရီအချိန်တွင် ဝါးခယ်မမြို့နယ် ရေကျော်ရပ်ကွက်ရှိ ဒေါ်မာမာအေးဆန်ဆိုင်နှင့် ဦးဝင်းဌေးဆန်ဆိုင်တို့တွင် ရောင်းချပေးနေသောဆန်များသည် သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချနေမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဝါးခယ်မမြို့နယ်တာဝန်ခံမှ ရေကျော်ရပ်ကွက်ရှိ ဒေါ်မာမာအေးဆန်ဆိုင်နှင့် ဦးဝင်းဌေးဆန်ဆိုင်တို့တွင် ရောင်းချနေသော ပေါ်ဆန်းဆန် တစ်ပြည်လျှင် (၅၀၀၀)ကျပ် ဧည့်မထဆန်တစ်ပြည်လျှင်(၃၀၀၀)ကျပ်ဖြင့် စားသုံးသူပြည်သူများသို့ ရောင်းချပေးနေပြီး ဆန်ဆိုင်ပိုင်ရှင်များအား ဆန်ရောင်းချမှုအခြေအနေနှင့်ပတ်သက်၍ လက်ရှိဖြစ်ပေါ်နေသော ဆန်ဈေးနှုန်း ကြီးမြင့်နေမှုကို ဆန်ဆိုင်ပိုင်ရှင်များအနေဖြင့် စားသုံးသူပြည်သူများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြု ကြရန်၊ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့်သာရောင်းချကြရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် ဆန်သိုလှောင်ထားရှိခြင်းများတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆန်ဆိုင်ပိုင်ရှင်ဒေါ်မာမာအေးနှင့်ဦးဝင်းဌေးတို့အား ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)