Main menu

မြောင်းမြခရိုင် အိမ်မဲမြို့နယ်သို့ ရန်ကုန်မြို့ရှိ စားအုန်းဆီကုမ္ပဏီများမှ ဆီကားများရောက်ရှိလာမှုအပေါ် ကွင်းဆင်းစစ်ဆေး

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် အိမ်မဲမြို့နယ် တာဝန်ခံ ဒေါ်ဇင်မာသန်းနှင့်ဝန်ထမ်းများသည် (၁၀.၁၀.၂၀၂၄)ရက်နေ့ နေ့လယ် (၁၂:၅၀)နာရီအချိန်တွင် Myat Ay Kan Co..,Ltd မှ အိမ်မဲမြို့နယ် ဆီကိုယ်စားလှယ်များထံသို့ ပေးပို့သောစားအုန်းဆီများကို ရန်ကုန်မြို့ရှိ တော်ဝင်ဧကရာဇ်ကုမ္ပဏီ၏ (ယာဉ်အမှတ် 6P-6749) မော်တော်ယာဉ်ဖြင့် စားအုန်းဆီ (၂၅)ပေပါ (သို့) ပိဿာ ၂၇၅၀  သည် အိမ်မဲမြို့သို့ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။

      အဆိုပါစားအုန်းဆီများကို အိမ်မဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံက သွားရောက်စစ်ဆေးခဲ့ပြီး ရောက်ရှိလာသောစားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင် ကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့် လက်လီ/လက္ကားဆိုင်များသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီ/လက္ကားဆိုင်များမှ စားသုံးသူပြည်သူများသို့ ၂% အမြတ်ဖြင့် ပြန်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်း စားအုန်းဆီခွဲတမ်းရရှိသောကိုယ်စားလှယ်များထံမှ သိရှိရပါသည်။

DOCA(ဧရာဝတီ)