
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်လမ်းညွှန်မှုဖြင့် (၁၁.၁၀.၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် တောင်တွင်းကြီးမြို့၊ အုန်းတော(၂)ရပ်ကွက်၊ မင်းကွန်းဘုန်းကြီးကျောင်းဝန်းတွင် ဆန်ကုန်သည်အသင်းနှင့် ဆန်စက်လုပ်ငန်းရှင်တို့ပူးပေါင်း၍ သက်သာသောစျေးနှုန်းဖြင့် အိမ်ထောင်စု တစ်စုလျှင် ဆန်(၂)ပြည်နှုန်း၊ ဧည့်မထ (၁)ပြည်လျှင် ကျပ်(၃၂၀၀)ဖြင့် အိမ်ထောင်စု (၂၅၀)စုအတွက် ဆန်အိတ် (၂၀)အိတ်အား ရောင်းချပေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊ အဖွဲ့ဝင်(၁)၊ အဖွဲ့ဝင်(၂)၊ ဆန်စက်လုပ်ငန်းရှင်နှင့် စားသုံးသူရေးရာဦးစီးဌာနတို့မှ ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြည်သူများသို့ သက်သာသောစျေးနှုန်းဖြင့် ဆန်ရောင်းချခြင်းအား တောင်တွင်းကြီးမြို့၊ အုန်းတော(၂)ရပ်ကွက်အပြင် ကျန်ရပ်ကွက်များသို့ ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်းနှင့် ဆန်ကုန်သည်အသင်းဝင် ဆန်ဆိုင်များမှာလည်း သက်သာသော စျေးနှုန်းဖြင့် ရောင်းချပေးသွားမည် ဖြစ်ကြောင်း ဆန်စက်လုပ်ငန်းရှင်အသင်းနှင့် ဆန်ကုန်သည်အသင်းတို့ထံမှ သိရှိရပါသည်။
DOCA(မကွေး)