Main menu

မ‌ကွေးမြို့၊ မင်္ဂလာစျေး၌ Online စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ အသိပညာပေးဆွေးနွေး

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ မကွေးမြို့နယ်တာဝန်ခံသည် (၁၄.၁၀.၂၀၂၄) ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် မကွေးမြို့၊ မင်္ဂလာစျေးရှိ စားသုံးသူများအား Online စနစ်ဖြင့်‌ ရောင်းချခြင်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ-၄ ၊ ပုဒ်မခွဲ(ဂ)အရ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ အမိန့်ကို အမိန့်ကြော်ငြာစာအမှတ် (၅၁/၂၀၂၃)ဖြင့် ၂၀၂၃-ခုနှစ်၊ ဇူလိုင်လ (၂၁)ရက်နေ့တွင် ထုတ်ပြန်ထားပြီး ဖြစ်ကြောင်း Online စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းဆောင်ရွက်မည့်သူများအနေဖြင့် မှတ်ပုံတင် လျှောက်ထားရယူပြီးမှ လုပ်ငန်းများဆောင်ရွက်ရန်နှင့် မှတ်ပုံတင်လျှောက်ထားရာ၌ လိုအပ်သော အချက်အလက်များ ပူးတွဲတင်ပြရမည့် အထောက်အထားများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး Online မှ ဝယ်ယူမည့် စားသုံးသူများသတိပြုရမည့်အချက်အလက်များ၊ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက စားသုံးသူရေးရာဦးစီးဌာနသို့ Consumer Call Center No (1535) သို့ ခေါ်ဆိုတိုင်ကြားနိုင်ပုံများအား အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)