![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/24.4_4.jpg?itok=0X8k2qPi)
(၁၁.၁၀.၂၀၂၄) ရက်နေ့၊နေ့လယ် (၁၅:၃၀) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒုတိုင်းဒေသကြီး ဦးစီးမှူး ဦးထွန်ထွန်းနှင့် အဖွဲ့သည် မအူပင်ခရိုင်ဦးစီးမှူးရုံးသို့ လာရောက်၍ မအူပင်မြို့နယ်အတွင်း Online Shop ရောင်းချသူလုပ်ငန်းရှင် (၁၈)ဦးနှင့် တွေ့ဆုံ၍ ကုန်စည်နှင့် ဝန်ဆောင်မှုများကို အွန်လိုင်းရောင်းချမှုနှင့် စပ်လျဉ်း၍ မှတ်ပုံတင်ဆောင်ရွက်ပြီး လုပ်ကိုင်ဆောင်ရွက်နိုင်ရန်ကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအကြောင်း အသိပညာပေး ရှင်းလင်းဟောပြောခဲ့ပါသည်။
အသိပညာပေး ဆွေးနွေးရာတွင် ခေတ်မီလာသော ယနေ့ခတ်ကာလတွင် စားသုံးသူတို့သည် ကုန်စည်နှင့် ဝန်ဆောင်မှုတွေကို အွန်လိုင်းမှ ဝယ်ယူပြီး အသုံးပြုလာကြသဖြင့် စားသုံးသူအများပြည်သူများ အွန်လိုင်းမှ ဝယ်ယူမှုများ နစ်နာမှု လိမ်လည်ခံရမှု များမရှိစေရန် အွန်လိုင်းစနစ်နှင့် ရောင်းဝယ်မှုကို ထိန်ကြောင်း ဆောင်ရွက်နိုင်ရန် ဥပဒေဖြင့် ကာကွယ်ပေးနိုင်ရန် အစိုးရဌာနအသီးသီးက သက်ဆိုင်ရာ ဥပဒေစည်မျည်း စည်းကမ်းတွေထုတ်ပြန်ပြီး ထိန်ကြောင်း ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ ၂၀၂၃ခုနှစ် ဇူလိုင်လ ၂၁ရက်နေ့က အမိန့်ကြော်ငြာစာအမှတ် ၅၀/၂၀၂၃ကို ထုတ်ပြန်ခဲ့ပြီး အွန်လိုင်း စနစ်ဖြင့်ရောင်းချသော လုပ်ငန်းများကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအဖြစ် သတ်မှတ်ပြီး မှတ်ပုံတင်လက်မှတ်လျောက်ထားရရှိပြီးမှသာ ဆောင်ရွက်ခွင့်ရှိတဲ့ လုပ်ငန်းအဖြစ်သတ်မှတ်ပြီး ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင်နိုင်စေရန် အမိန့်ကြော်ငြာစာ ထုတ်ပြန်ပြီး ၆လအတွင်း ပြင်ဆင်ချိန်ကာလကို သတ်မှတ်ထားပြီး ဖြစ်ပါကြောင်း၊ သတ်မှတ်ချိန်ကာလ ပြည့်မြောက်သည့်နေ့မှာ အွန်လိုင်းမှတ်ပုံတင် လျောက်ထားခြင်းမရှိပဲ ရောင်းချခြင်းမျိုး စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ -၅ ဖြင့် အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်း လုပ်ငန်းရှင်များသိရှိနိုင်ရန် အသိပညာပေးခဲ့ပြီး အွန်လိုင်းမှတ်ပုံတင်ပြီးရောင်းချသော လုပ်ငန်း၏ အားသာချက်များနှင့် အောင်မြင်သော စီးပွားရေးတာဝန်ယူမှု ၊ တာဝန်ခံမှုရှိသော လုပ်ငန်းဖြစ်ကြောင်းကိုလည်း ရှင်းလင်းပြော ကြားခဲ့သည်။ အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်လျောက်ထားရန် လုပ်ငန်းလိုအပ်သောအချက်များနှင့် သတ်မှတ်ချက်များကို သိရှိနိုင်ရန် Shop vedio ဖြင့် ချပြရှင်းလင်း ဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်များက သိလိုသည်များ မေးမြန်းကြကာ ပြန်လည်ရှင်းလင်းပေးခဲ့ပြီး ဟောပြောပွဲကို နေ့လယ် (၁၄:၃၀) အချိန်တွင် အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သိရပါသည်။
DOCA(ဧရာဝတီ)