![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/24.5_4.jpg?itok=cxSm607E)
ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊မအူပင်ခရိုင်၊ဆန်စပါးကုန်သည်များအသင်း ကော်မတီဝင်အဆင့်ဆင့်ကို (၁၃.၁၀.၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၃၀ ) အချိန်တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်ကျင်းပရာ ဌာနဆိုင်ရာ(၅)ဦး၊လုပ်ငန်းရှင် (၁၅) ဦးတက်ရောက်ခဲ့ပြီး အသင်းအဖွဲ့စည်းမျဉ်း၊ အသင်းအဖွဲ့မှတ်တမ်းများနှင့်အညီ ခရိုင်ဆန်စပါး ကုန်သည်များအသင်းကို ရွေးချယ်ဖွဲ့စည်းခဲ့ပါသည်။
ထိုသို့ ရွေးချယ်ဖွဲ့စည်းရာတွင် မအူပင်ခရိုင်ဦးစီးမှူးမှ ဆန်စပါးကုန်သည်များအသင်း ဖွဲ့စည်းရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ဆန်စပါးဈေးကွက် တည်ငြိမ်မှန်ကန်ရေးနှင့်၊ ဆန်စပါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ၊နိုင်ငံတော်၏အကျိုး၊ ဆန်စပါးကဏ္ဍအကျိုးနှင့် ဆန်စပါး လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်သူတို့၏ အကျိုးစီးပွားတို့ကို တည်ဆဲဥပဒေများ၊ လမ်းညွှန်ချက်များနှင့်အညီ စီးပွားရေးလုပ်ငန်းအသင်းအဖွဲ့များအတွက် သတ်မှတ်ချက်များ၊ အသင်းအဖွဲ့စည်းမျဥ်း၊ အသင်းအဖွဲ့မှတ်တမ်းများနှင့်အညီ ဖွဲ့စည်းဆောင်ရွက်ရသည်ကို အကျယ်တဝင့်ရှင်း လင်းဆွေး နွေးခဲ့ပါသည်။ ဒုခရိုင်ဦးစီးမှူးမှ အသင်းအဖွဲ့ရွေးချယ်မှုဆိုင်ရာ အသင်းအဖွဲ့ရွေးချယ်ပုံ အဆင့်ဆင့်အား ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသည့် လုပ်ငန်းရှင်များမှ အဆိုပြုစနစ်ဖြင့် ရွေးချယ်ခဲ့ရာ ခရိုင်ဆန်စပါးကုန်သည်များအသင်းကို အဖွဲ့ဝင် (၁၇) ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)