
(၁၄.၁၀.၂၀၂၄) ရက်နေ့၊နံနက် (၁၀:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်တုန်းအထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ တွင် ညောင်တုန်း ဆန်စက်လုပ်ငန်းရှင် (၅၈)ဦးနှင့် တွေ့ဆုံ၍ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအကြောင်း အသိပညာပေး ရှင်းလင်းဟောပြောခဲ့ပါသည်။
အသိပညာပေး ဆွေးနွေးရာတွင် ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးက မြို့နယ်ဦးစီးမှူး ဦးအောင်လွင်က စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ ၂၀၂၃ခုနှစ် ဇူလိုင်လ ၂၁ရက်နေ့က အမိန့်ကြော်ငြာစာအမှတ် ၅၀/၂၀၂၃ကို ထုတ်ပြန်ခဲ့ပြီး အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုအဓိပ္ပါယ် ၊ ရည်ရွယ်ချက်၊ အရေးကြီးကုန်စည်၊ ဝန်ဆောင်မှု လုပ်ငန်းများအကြောင်း၊ ပြစ်မှု၊ ပြစ်ဒဏ်များ၊ အမိန့်ညွှန်ကြားချက်များကို ရှင်းလင်းဆွေးနွေးပြီး၊ ပြည်ထောင်စု အစိုးရအဖွဲ့၏ တာဝန်ပေး အပ်ခြင်းခံရသော ပြည်ထောင်စုဝန်ကြီးဌာနများအကြောင်း၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ -၅ ဖြင့် အရေးယူဆောင်ရွက်မည် ဖြစ်ပြီး၊ အနည်းဆုံး ထောင်ဒဏ် ၃လမှ ၃နှစ်အထိ ချမှတ်နိုင်ကြောင်း၊ ဒဏ်ငွေကျပ် (၅)သိန်းထက်အပိုသော ငွေဒဏ်ချမှတ်နိုင်ကြောင်း လုပ်ငန်းရှင် များသိရှိနိုင်ရန် အသိပညာပေးခဲ့ပြီး ဆင့်ပွား ဖြန့်ချိရေးလုပ်ငန်း၊ စပါးဆန်နှင့် ပဲမျိုးစုံ ကြိတ်ခွဲစက်များ တည်ဆောက်ခြင်း၊ မှတ်ပုံတင်ခြင်း ပြောင်းရွေ့ဖျက်သိမ်းခြင်းဆိုင်ရာ အမိန့်အကြောင်း၊ ကုန်စည်များအပေါ် တားမြစ်မိန့်ထုတ်ပြန်ခြင်း၊ ဝါသီးနှံနှင့် ဝါဂွမ်းအပေါ် တားမြစ်အိန့်အကြောင်း၊ အွန်လိုင်းစနစ်ရောင်းချခြင်းလုပ်ငန်း အရေးကြီးဝန်ဆောင်မှု လုပ်ငန်းသတ်မှတ် အမိန့်အကြောင်းနှင့် ဆန်စက်လုပ်ငန်း Myro မှတ်ပုံတင်ခြင်းလုပ်ငန်းကို မြေပြင်နှင့် ကိုက်ညီမှုရှိမရှိကိုလည်း ဆန်စက်/သိုလှောင်ရုံအရောက် ကွင်းဆင်းစစ်ဆေးမည်ဖြစ်၍ လုပ်ငန်းနှင့် ကိုက်ညီမှု မရှိပါက သိုလှောင်ရုံ မှတ်ပုံတင်ခြင်းကိုလုပ်ဆောင်ရန် ၊ ပြင်ဆင်ထားရန်၊ မြို့နယ် ဆန်ကုန်သည်များအသင်းဖွဲ့စည်းနိုင်ရေးနှင့် အသင်းအဖွဲ့များ ရှင်သန်အားကောင်းစေရန်အတွက် ပူးပေါင်းဆောင်ရွက်နိုင်ရန်တို့ကို လုပ်ငန်းရှင်များကို အသိပညာပေးခဲ့ကြောင်း သိရပါသည်။
DOCA(ဧရာဝတီ)