Main menu

အွန်လိုင်းမှရောင်းချသည့် လုပ်ငန်းရှင်အား အသိပညာပေးဟောပြောဆွေးနွေးခြင်း

Powered by Drupal

       ၂၀၂၄ ခုနှစ် ၊ အောက်တိုဘာလ ၁၅ ရက်နေ့၊ နံနက် (၁၁း၀၀) နာရီအချိန်တွင် ထားဝယ်မြို့၊ စားသုံးသူရေးရာဦးစီဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းနှင့်စပ်လျဥ်း၍ အွန်လိုင်းစနစ်ဖြင့် အဝတ်အထည်နှင့်အလှကုန်ပစ္စည်းအမျိုးမျိုးရောင်းချသည့် လုပ်ငန်းရှင်အား အွန်လိုင်းမှတ်ပုံတင်လျှောက်ထားရာတွင် လိုအပ်သည့်အချက်များနှင့် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများကို ဟောပြောဆွေးနွေးခဲ့ပါသည်။

     ထိုသို့ တွေ့ဆုံဟောပြောဆွေးနွေးရာတွင်  စားသုံးသူရေးရာဦးစီးဌာနမှ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်စပ်လျဥ်း၍ မှတ်ပုံတင်လျှောက်ထားရန်နှင့် လျှောက်ထားရာတွင်  ကြိုတင် ပြင်ဆင်ထားရှိရမည့် အထောက်အထားများ၊ အခြေခံလိုအပ်ချက်များ၊ လျှောက်ထားခြင်း ပုံစံအဆင့်ဆင့်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး၊ တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာများအကြောင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရေး ဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)