
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့ ၊ နေ့လယ်(၁၄း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ ထားဝယ်မြို့ပေါ်ရှိ အလှသစ်၊ ပဒေသာ၊ ဆန်းသစ်၊ ပြည့်စုံထွန်း၊ စီစီစီ အစရှိသည့် Center Mini Mart များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါစျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စျေးကွက်အတွင်း GRANDMA အဖွားလက်ရာ အမှတ်တံဆိပ် အသားဟင်း၊ ငါးဟင်းစည်သွပ်ဘူးများတွင် ရိုက်နှိပ်ထားသော အညွှန်းဖော်ပြချက်များနှင့် စတစ်ကာကပ်၍ ဖော်ပြထားသည့် အညွှန်းဖော်ပြချက်များ ကွဲလွဲမှုများရှိ/မရှိ စစ်ဆေးခြင်းနှင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်း စွာဝယ်ယူစားသုံးနိုင်စေရေးအတွက် သက်တမ်းလွန် စားသောက်ကုန်ပစ္စည်းများနှင့် ရောင်းချနေမှု ရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)