Main menu

ကော့သောင်းမြို့ပေါ်ရှိ သောက်ရေသန့်လုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

        တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ သည် (၁၅.၁၀.၂၀၂၄) ရက်နေ့ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် ကော့သောင်းမြို့ Bear အမှတ်တံဆိပ်ဖြင့်ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသော သောက်ရေသန့်လုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

      စားသုံးသူရေးရာဦးစီးဌာန ကော့သောင်းခရိုင်ဦးစီးမှူး ဒေါ်မြသီတာ(ဦးစီးအရာရှိ)သည် Bear အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်နေသည့် သောက်ရေသန့်စက်ရုံလုပ်ငန်းလည်ပတ်မှုအခြေအနေတို့အား လိုက်လံစစ်ဆေးခြင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ (၂/၂၀၁၉) အခန်း (၁၈)တွင် ဖော်ပြပါရှိရမည့် ကုန်အညွှန်းအမှတ်သားများနှင့် ပြည့်စုံစွာထုတ်လုပ်ရန်နှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာရှိပါက သက်ဆိုင်ရာဦးစီးမှူးရုံးသို့ လာရောက်လျှောက်ထားရန်နှင့် မည်သည့်အခွန်အခမှ ပေးဆောင်ရန်မလိုအပ်ကြောင်း စသည်တို့ ကိုဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)