ကျိုက်လတ်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ(စစ်ဆေးရေးအရာရှိ) ဦးမိုးမင်းသန်းနှင့်ဝန်ထမ်းတို့သည် စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ၂၀၂၄ခုနှစ်၊အောက်တိုဘာလ (၁၅) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီ အချိန်တွင် ကျိုက်လတ်မြို့နယ်ရှိ အချိုရည်အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ရောင်းချနေသော Max+ ၊ V-code ၊ Asaia ၊ပဲနို့ဘူးများ၊ အားဖြည့်အချိုရည်များတွင် FDA ထောက်ခံချက်များ၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားရှိမှုများ၊ အသက်အရွယ်အပိုင်းအခြားအလိုက် သောက်သုံးရန် သင့်/မသင့် ဖော်ပြထားရှိမှုများ၊ ထားသိုသိမ်းဆည်းပုံအညွှန်းများ၊ဓာတ်မတည့်ကြောင်းဖော်ပြချက်များ ပြည့်စုံစွာပါဝင်မှုရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)