
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ (စစ်ဆေးအရာရှိ) ဦးမင်းဇော်နှင့်ဝန်ထမ်းတို့သည် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ(၁၅) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ဖျာပုံမြို့၊ မြို့မဈေးကြီးအတွင်း ရောင်းချနေသော ကုန်မျိုးစုံဆိုင်များရှိ ခေါက်ဆွဲထုပ်၊ ကြာဇံထုပ်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။
အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တာဝန်ခံ ဦးမင်းဇော်က မြို့မဈေးကြီးအတွင်း ရောင်းချနေသော ကုန်မျိုးစုံဆိုင်များရှိခေါက်ဆွဲထုပ်၊ ကြာဇံထုပ်များတွင် ကုန်ပစ္စည်း အမျိုးအမည်၊ ထုတ်လုပ်သည့်ရက်စွဲ ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ပါဝင်ပစ္စည်း၊ အလေးချိန်ဖော်ပြထားရှိမှု (ကျပ်သား)၊ FDA ထောက်ခံချက်များ ပြည့်စုံစွာပါဝင်မှုရှိ/မရှိ၊ ထားသိုသိမ်းဆည်းပုံ အညွှန်းများ ပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။ထို့နောက် မြို့နယ်တာဝန်ခံမှ ရောင်းချနေသော ကုန်မျိုးစုံ ဆိုင်ပိုင်ရှင်များအား ကုန်အညွှန်းအမှတ်အသားနှင့် FDA ထောက်ခံချက်များ ပြည့်စုံစွာ ဖော်ပြထားသော ကုန်စည်များကိုသာ ရောင်းချကြရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း ကွင်းဆင်းစိစစ်ခဲ့မှုအရ သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)