Main menu

ကျိုက်လတ်မြို့ ၊ ဗိုလ်ချုပ်လမ်းရှိ “ဖွံ့ဖြိုးအောင်” ဆန်စက်သို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေး

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံဦးမိုးမင်းသန်းနှင့် ဝန်ထမ်းတို့သည် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၂၁) ရက်နေ့ ၊ နံနက်(၁၁:၀၀) နာရီအချိန်တွင် ကျိုက်လတ်မြို့ ၊ ဗိုလ်ချုပ်လမ်းရှိ “ဖွံ့ဖြိုးအောင်” ဆန်စက်သို့ MSMEs နှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

       အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တာဝန်ခံ ဦးမိုးမင်းသန်းက ဆန်စက်၏ ကြိတ်ခွဲထုတ်လုပ်မှု၊ထားသိုသိမ်းဆည်းမှု၊ ဆန်စပါးအရည်အသွေး ပြည့်မီရေး၊အချိန်အတွယ်များ ပြည့်မီ မှန်ကန်မှုရှိ/မရှိ၊ ဆန်စပါးဈေးနှုန်းဈေးကွက်အခြေအနေများ တည်ငြိမ်မှု ရှိ/မရှိ၊ ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး၊ ခေတ်မှီစက်ကိရိယာ နည်းစနစ်သစ်များ ဖွံ့ဖြိုးတိုးတက်ရေး၊ ထုတ်ကုန်လုံခြုံ  စိတ်ချရမှု နှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။ နည်းစနစ်သစ်များ ဖွံ့ဖြိုးတိုးတက်မှသာ ထုတ်ကုန်များ ပိုမိုထုတ်လုပ် နိုင်ပြီး ဈေးကွက်စီးပွားရေးစနစ် ကျယ်ပြန့်လာနိုင်ခြင်း၊ အလုပ်သမားမိသားစုများ စားဝတ်နေရေး ပြေလည်နိုင်စေခြင်း၊ စက်ရုံမှ ထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများ စနစ်တကျ စွန့်ပစ်ထားခြင်း ရှိ/မရှိ ကွင်းဆင်းစိစစ်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(ဧရာဝတီ)