Main menu

မအူပင် စားသုံးဆီ/ စားအုန်းဆီများ သတ်မှတ်ရည်ညွှန်းဈေးအတိုင်းရောင်းချမှုရှိ/ မရှိ၊ ကုန်အညွှန်းအမှတ်အသားနှင့် သက်ဆိုင်ရာထောက်ခံချက် ရှိ/မရှိ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၌ ၂၁.၁၀.၂၀၂၄ နေ့၊နံနက်ပိုင်းက စားသုံးဆီ/ စားအုန်းဆီရောင်းချသောဆိုင်များအား ဈေးနှုန်းတည်ငြိမ်ရေး သတ်မှတ်ရည်ညွှန်းဈေး၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် သက်ဆိုင်ရာဌာနထောက်ခံချက်ပါဝင်မှုရှိ/မရှိအား ပူးပေါင်းအဖွဲ့ဖြင့် လစဉ် ဦးစားပေးကုန်စည်(၁၀)မျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့သည်။

အဆိုပါ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို မအူပင်မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံတာဝန်ရှိသူ အသီးသီးတို့က စျေးကွက်အတွင်း ရောင်းချနေသော စားသုံးဆီအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြခြင်း ရှိ/မရှိ၊ သက်ဆိုင်ရာဌာနများ၏ ခွင့်ပြုချက်ပါရှိသော ဗူးသွပ်ဆီရောင်းချခြင်း ရှိ/မရှိ နေ့စဉ် သတ်မှတ်ရည်ညွှန်းဈေး ဗီနိုင်းချိတ်ဈေးနှုန်းဖော်ပြ၍  ရောင်းချနေမှု ရှိ/မရှိတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ သတ်မှတ်ချက်နှင့် ကိုက်ညီသော သက်ဆိုင်ရာဌာနများမှ ခွင့်ပြုထားသော ဆီများကိုသာ မအူပင်စျေးကွက်အတွင်း ရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။  ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ လုပ်ငန်းရှင်များကို ဆီများရောင်းချရာတွင် သတ်မှတ်ရက်အတွင်း သတ်မှတ်ချက်များအတိုင်း စားသုံးသူပြည်သူများ စနစ်တကျဝယ်ယူနိုင်ရေးကို ဆောင်ရွက်ရန် ကုန်စည်များအား ဈေးကွက်ကစားလိုသော ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း၊ ရောင်းချခြင်းများ မပြုလုပ်ကြရန် အသိပညာပေးဆွေးနွေးကာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။

DOCA(ဧရာဝတီ)