ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးမင်းဇော်သည် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၂၁) ရက်နေ့ ၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေး ဦးစီးဌာနနှင့်ပူးပေါင်း၍ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေး ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမင်းဇော်က အသေးစားကုန်ထုတ်လုပ်ငန်းများ၊ တပိုင်တနိုင်မုန့်လုပ်ငန်းများ၊ ငါးနှပ်ခြောက် လုပ်ငန်းများ၊ မုန့်ဖတ်ထုတ်လုပ်ရေးလုပ်ငန်းများ စသည့်လုပ်ငန်းတို့သည် အသေးစား၊အငယ်စား၊ အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဖြစ်သည့်အလျောက် ထုတ်လုပ်ရာတွင် သပ်ရပ်သန့်ရှင်းပြီး စနစ်တကျထုတ်လုပ်နိုင်မှသာ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရုံသာမက အခြေခံလုပ်သားပြည်သူများပါ အလုပ်ကိုင်အခွင့်အလမ်းကောင်းများ ရရှိစေနိုင်ပါသည်။ အဆိုပါလုပ်ငန်းများ တွင်ကျယ်တိုးတက်လာပြီး ဈေးကွက်အတွင်း ပိုမိုကောင်းမွန်သည့် ထုတ်ကုန်များဖြစ်စေရေးအတွက် စားသုံးသူရေးရာဦးစီးဌာနမှ သတ်မှတ်ထားသော ကုန်အညွှန်း အမှတ်အသားများပြည့်စုံ မှန်ကန်မှုရှိစေရေးကိုလည်း ဌာနအနေဖြင့် ကွင်းဆင်းစစ်ဆေးလျက်ရှိရာ လုပ်ငန်းရှင်များမှလည်း လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားခဲ့မှုအပေါ် သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)