Main menu

မြိတ်မြို့တွင် စျေးနှုန်းသက်သာစွာဖြင့် အခြေခံစားကုန်များရောင်းချပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်ပေးခြင်းများဆောင်ရွက်

Powered by Drupal

   တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာနနှင့်အတူ ဌာနဆိုင်ရာများပူးပေါင်း၍ ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ(၂၁)ရက်နေ့၊ နံနက် (၀၇း၀၀)နာရီအချိန်တွင် မြိတ်မြို့၊ ကန်ဖျားရပ်ကွက်ရှိ မြန့်မာ့စီးပွားရေးဘဏ်ရှေ့တွင် ပင်စင်လာရောက်ထုတ်ယူသော အငြိမ်းစားဝန်ထမ်းများအား စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရေး အခြေခံစားသောက်ကုန်များ ရောင်းချပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်ပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

  အခြေခံစားသောက်ကုန်များရောင်းချရာတွင် ဆန်၊ဆီ၊ ကြက်ဥ၊ ဆား၊ ချဉ်ပေါင်ရွက်၊ ကြက် သွန်နီ၊ ပဲခြမ်း၊ ငရုတ်သီးမုန့်၊ မန်ကျည်းသီးတို့ပါဝင်ပြီး ကျန်းမာရေးဦးစီးဌာနမှ အငြိမ်းစား ဝန်ထမ်းများကို အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)