Main menu

ကျိုက်မရောမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် ဖြန့်ဖြူးရောင်းချနေသော စားသုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

Powered by Drupal

    ၂၁.၁၀.၂၀၂၄ ရက်နေ့တွင် မော်လမြိုင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်မရောမြို့နယ်တာဝန်ခံသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးအဖွဲ့တို့ဖြင့်ပူးပေါင်း၍ ကျိုက်မရောမြို့ ပေါ်ရှိ ကုန်စုံဆိုင်များတွင် စားဆီအမျိုးမျိုးအား ဈေးကွက်ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

    အဆိုပါ ဈေးကွက်ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ရာတွင်  ကုန်စုံဆိုင်များတွင် ရောင်းချနေသော စားဆီအမျိုးမျိုးတွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း(၁၈) တွင် ပြဌာန်းထားသည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြရမည့်အချက်များ ပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိကို ဈေးကွက်စောင့်ကြည့်ပြီးနောက် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသော စားသုံးဆီများအား ဝယ်ယူရောင်းချခြင်း မပြုရန်နှင့် ကုန်စည်များအား ဈေးကွက်ကစားလိုသော ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း၊ ရောင်းချခြင်းများ မပြုလုပ်ကြရန် အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)