Main menu

ကော့သောင်းမြို့ ဆန်စပါးလုပ်ငန်း အသင်းနှင့်တွေ့ဆုံခြင်း

Powered by Drupal

    ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့၊ ညနေ(၁၇:၀၀) အချိန်တွင် ကော့သောင်းခရိုင် ကော့သောင်းမြို့နယ်ဆန်စပါးလုပ်ငန်းအသင်းအစည်းအဝေးခန်းမတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူး ဒေါ်မြသီတာ(ဦးစီးအရာရှိ)သည် မြို့နယ်ဆန်စပါးလုပ်ငန်းအသင်းသားများနှင့် တွေ့ဆုံခဲ့ကြပါသည်။

     အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် ကော့သောင်းမြို့နယ် ဆန်စပါးလုပ်ငန်းအသင်းအား ခရိုင်အဆင့်ဖွဲ့စည်းဆောင်ရွက်ရန်နှင့် ဆန်စပါးကုန်သည်များနှင့် အသင်းသားများအား EC,CEC စာရင်းများ Update ပြန်လည်ဖွဲ့စည်းရန်၊ ခရိုင်အသင်း တိုင်းအသင်းဖွဲ့စည်းနိုင်ရေးအတွက် တိုင်းကိုယ်စားလှယ် (၅)ဦးအား ရွေးချယ်တင်မြှောက်နိုင်ရေးကိစ္စ၊ မြန်မာဆန်စပါး အွန်လိုင်း (MyRo) တွင် ဆန်စပါးသိုလှောင်ရုံများ မှတ်ပုံတင်ရန်အတွက် ဆောင်ရွက်ရန် ကျန်ရှိသူများမှ အမြန်ဆုံး(MyRo)ဆောင်ရွက်ရန်စသည့်အချက်များကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)