Main menu

ထားဝယ်အထူးစီးပွားရေးဇုန် ၁၃/၂၀၂၄-၂၀၂၅ MC+OSSC အစည်းအဝေးသို့ တက်ရောက်

Powered by Drupal

      ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ထားဝယ်အထူးစီးပွားရေးဇုန် ၁၃/၂၀၂၄-၂၀၂၅ MC+OSSC အစည်းအဝေးအား Online Virtual ဖြင့် ကျင်းပခဲ့ရာ တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးမှ တက်ရောက်ခဲ့ပါသည်။

     အစည်းအဝေးတွင် ထားဝယ်အထူးစီးပွား‌ရေးဇုန်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ယခင်အစည်းအဝေးမှတ်တမ်း ၁၂/၂၀၂၄-၂၀၂၅ အားအတည်ပြုခြင်း၊ OSSC အဖွဲ့ဝင်များမှ တစ်လတာအတွင်း မိမိတို့ဌာနအလိုက် ဆောင်ရွက်မှုများအား အသီးသီးတင်ပြခြင်း၊ OSSC အဖွဲ့ခေါင်းဆောင်မှ OSSC လုပ်ငန်းများအား ဖြည့်စွက်ဆွေးနွေးခြင်း၊ အစည်းအဝေးတက်ရောက်သူများမှ သိရှိလိုအသည်များနှင့် လိုအပ်သည်များအား အထွေထွေဆွေးနွေးခြင်းများနှင့် အစည်းအဝေးဆုံးဖြတ်ချက်များ ချမှတ်ကာ ထားဝယ်အထူးစီးပွား‌ရေးဇုန်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကာ အစည်းအဝေးအား နေ့လယ် (၁၂း၃၀)အချိန်တွင် ပြီးမြောက်ခဲ့ကြောင်း  သိရှိရပါသည်။

DOCA(တနင်္သာရီ)