Main menu

ဧရာဝတီတိုင်းဒေသကြီး ၊ ဖျာပုံခရိုင်မှ တနင်္သာရီတိုင်းဒေသကြီး(မြိတ်မြို့)သို့ ဆန်တင်ပို့မှုအခြေအနေ

Powered by Drupal

       ဖျာပုံခရိုင်အတွင်းရှိ မြို့နယ်များဖြစ်သော ကျိုက်လတ်၊ ဒေးဒရဲမြို့နယ်များမှ ထွက်ရှိသော ပေါ်ဆန်း၊ ဧည့်မထဆန်များအား  တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်းရှိ ဒေသခံပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရန် (မြိတ်မြို့)သို့ ရေလမ်းဖြင့် တင်ပို့လျက်ရှိပါသည်။ ဖျာပုံခရိုင်အတွင်းမှ အောက်တိုဘာလ ( ၁ )ရက်နေ့မှ ( ၂၁ )ရက်နေ့အထိ (မြိတ်မြို့)သို့ တင်ပို့သော ပေါ်ဆန်းဆန်အိတ်မှာ ( ၈၀၀ )အိတ်၊ ဧည့်မထဆန်အိတ်မှာ ( ၁၄၇၀၀ )အိတ်၊ စုစုပေါင်းအိတ်အရေအတွက် (၁၅၅၀၀)အိတ် တင်ပို့ခဲ့ပြီးဖြစ်ပါသည်။ ထိုသို့တင်ပို့ရာတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ( MRF )၏ ရည်ညွှန်းသတ်မှတ်ဈေးများဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ ဈေးကွက်သတင်းများအရ သိရှိရပါသည်။

DOCA(ဧရာဝတီ)