
ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ် တာဝန်ခံဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည် (၂၂.၁၀.၂၀၂၄)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် လပွတ္တာမြို့နယ် အမှတ်(၃)ရပ်ကွက်ရှိ အထက(၃)ကျောင်းတွင် ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ ကျောင်းမုန့်ဈေးတန်းရောင်းချသူ ဆိုင်ရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ဟောပြောဆွေးနွေးရာတွင် မြို့နယ်တာဝန်ခံမှ ဦးစွာမိတ်ဆက်စကားပြောကြားပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ၂၀၁၉ပါ ပြဌာန်းချက်များမှ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တာမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်း ဥပဒေအခန်း(၁၈)၊ ပုဒ်မ(၄၁)၊ ပုဒ်မခွဲ (ခ)နှင့်(ဂ)တို့ပါ ကုန်စည်၏အမျိုးအမည် ၊အရွယ်အစား၊အရေအတွက်နှင့် အသားတင်ပမာဏ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့် ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ် ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်များအား အသေးစိတ်ရှင်းလင်းဆွေးနွေးဟောပြောခဲ့ပြီး ကျောင်းမုန့်ဈေးတန်းအဖွဲ့ဖြင့် ကျောင်းမုန့်ဈေးတန်းဆိုင်များသို့ သွားရောက်စစ်ဆေးခဲ့ပြီး မုန့်ဆိုင်ပိုင်ရှင်များအား ဌာနမှထုတ်ပြန်ထားသော ဥပဒေညွှန်ကြားချက်များအား သိရှိလိုက်နာ ဆောင်ရွက်ကြရန် သက်တမ်းလွန်မုန့်များ ဆိုးဆေးများစွာပါဝင်သော အစားအသောက်များအား ရောင်းချခြင်းမှ ရှောင်ကျဉ်ကြရန် မုန့်ဆိုင်ပိုင်ရှင်များအား ဆွေးနွေးမှာကြားခဲ့ပါသည်။ ဟောပြောပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ (၁၅၀)ဦး၊ ကျောင်းမုန်းဈေးတန်းရောင်းချသူ (၄)ဦး စုစုပေါင်း(၁၅၄)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)