Main menu

မြောင်းမြခရိုင် လပွတ္တာမြို့နယ် အမှတ်(၆)ရပ်ကွက် ကမ်းနားလမ်းရှိ ကုန်မျိုးစုံဆိုင်တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် လပွတ္တာမြို့နယ် တာဝန်ခံဦးမြင့်ဌေးနှင့်ဝန်ထမ်းများသည်  (၂၁.၁၀.၂၀၂၄)ရက်နေ့ ၊နံနက်(၁၀:၃၀)နာရီအချိန်တွင် အမှတ်(၆)ရပ်ကွက် ကမ်းနားလမ်း ဦးမင်းမင်းကုန်မျိုးစုံဆိုင်ရှိ စိန်တံဆိပ်(ခေါက်ဆွဲ)ထုပ်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။   

       ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင်  လပွတ္တာမြို့နယ်တာဝန်ခံမှ အမှတ်(၆) ရပ်ကွက် ၊ကမ်းနားလမ်း၊ ဦးမင်းမင်းကုန်မျိုးစုံဆိုင်ရှိ စိန်တံဆိပ်(ခေါက်ဆွဲ)ထုပ်များတွင် ကုန်အညွှန်းပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိ၊ စားသုံးသူဘေးအန္တရာယ်ဖြစ်စေနိုင်သောပါဝင်ပစ္စည်းများ ရှိ/မရှိ စစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံနှုန်းနှင့် ကိုက်ညီမှုရှိခြင်း၊ သက်ဆိုင်ရာဌာနမှ ခွင့်ပြုထားသော ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသည့် စိန်တံဆိပ်(ခေါက်ဆွဲ)ထုတ်များကိုသာ ဈေးကွက်အတွင်း တင်သွင်းရောင်းချစေရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)