Main menu

ချောက်မြို့၌ အိမ်သုံးဆေးဝါး၊ ကလေးအာဟာရဖြည့်စွက်စာနှင့် ကလေးအသုံးအဆောင် ပစ္စည်းအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

   မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ အိမ်သုံးဆေးဝါးနှင့်ကလေးအာဟာရဖြည့်စွက်စာနှင့် ကလေးအသုံးအဆောင်ပစ္စည်းအရောင်းဆိုင်များတွင် စျေးနှုန်းမြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို (၂၁.၁၀.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီ အချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

     အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် စျေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိ၊ စျေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားမှုရှိ/မရှိ၊ သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ပါဝင် မှုရှိ/မရှိ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုရှိ/မရှိတို့ကို မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံကဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ချောက်မြို့ပေါ်နှင့် မြို့မစျေးတွင် ရောင်းချလျက်ရှိသော အိမ်သုံးဆေးဝါး၊ ကလေးအာဟာရဖြည့်စွက်စာနှင့် ကလေး အသုံးအဆောင်ပစ္စည်းအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)