Main menu

မကွေးမြို့၊ မြို့မစျေး၌ ပလတ်စတစ်သုံးစွဲမှုလျော့ချရေး Campaign နှင့် စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ မကွေးမြို့နယ်တာဝန်ခံသည် (၂၁.၁၀.၂၀၂၄) ရက်နေ့၊ နံနက်(၀၈:၀၀)နာရီအချိန်တွင် မြို့သန့်ရှင်းသာယာလှပစေရေးတို့အတွက် ပလတ်စတစ်သုံးစွဲမှုလျော့ချရေး Campaign အား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် စည်ပင်သာယာရေးအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် စျေးကော်မတီဝင်များ ပူးပေါင်း၍ မကွေးမြို့၊ မြို့မစျေး၌ အပတ်စဉ် တနင်္လာနေ့တိုင်း ပလတ်စတစ်မသုံးစွဲရနေ့ဟု သတ်မှတ်ပြီး ပလတ်စတစ်အိတ်အစား စက္ကူအိတ်၊ အင်ဖက်၊ ငှက်ပျောဖက်တို့ဖြင့် အစားထိုး သုံးစွဲစေရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

    ဆက်လက်၍ မကွေးမြို့၊ မြို့မစျေးရှိ ကုန်မျိုးစုံအရောင်းဆိုင်များတွင် “အဖွားလက်ရာ” အမှတ်တံဆိပ်အသားဟင်း၊ ငါးဟင်း၊ စည်သွပ်ဘူးများ ရောင်းချမှုရှိ/မရှိနှင့် စျေးကွက်အတွင်းရှိ ကုန်စည်များ၌ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သတ်မှတ်ချက်များ ပြည့်စုံမှန်ကန်စွာ ဖော်ပြပါဝင်မှု ရှိ/မရှိ စျေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ရာ ဈေးကွက်အတွင်း ရောင်းချမှုမရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)