Main menu

ကျိုက်ထိုမြို့နယ်၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ခလွန်ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ

Powered by Drupal

     မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ကျော်မင်းနှင့် ကျိုက်ထိုမြို့နယ်တာဝန်ခံတို့သည် ကျိုက်ထိုမြို့နယ် အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)ခလွန်ကျောင်းတွင် (၂၅.၁၀.၂၀၂၄) ရက်နေ့၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြပါသည်။

    အသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်စုနန္ဒာဦးမှ အဖွင့်အမှာစကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာနမှ  ဦးစီးအရာရှိ ဦးအောင်ကျော်မင်းမှ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်အကြောင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နည်းလမ်းများအကြောင်း၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန် သောကုန်စည်များကိုသာ ယုံကြည်စိတ်ချစွာရွေးချယ်ဝယ်ယူတတ်စေရန် အကျယ်တဝင့် ဟောပြောဆွေးနွေးခဲ့ကြပါသည်။

    အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ဆရာ/ဆရာမ (၆) ဦး၊ ကျောင်းသား/သူ (၈၀) ဦး တက်ရောက်ခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန ကျိုက်ထိုမြို့နယ်တာဝန်ခံဦးဇော်ဦးမှ ကျောင်းဆရာမတစ်ဦးအား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)