Main menu

သထုံမြို့နယ်၊ အ.မ.က (ဘူတာ)ကျောင်းရှိ ကျောင်းမုန့်ဈေးတန်းများအား ဈေးကွက်ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

    မွန်ပြည်နယ်၊ သထုံမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ကျော်မင်း၊ မြို့နယ်တာဝန်ခံ ဒု-ဦးစီးမှူး ဦးထိန်လင်းထွန်းနှင့် ဝန်ထမ်းများသည် (၂၄.၁၀.၂၀၂၄) ရက်နေ့တွင် သထုံမြို့၊ အ.မ.က (ဘူတာ) ကျောင်းရှိ ကျောင်းမုန့်ဈေးတန်းအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

    ထိုသို့ စစ်ဆေးရာတွင် ကျောင်းမုန့်ဈေးတန်းအတွင်းရောင်းချနေသော မြန်မာလက်လုပ် မုန့်များသန့်ရှင်းလတ်ဆတ်မှုရှိစေရေးနှင့် လေဖောင်းမုန့်များ၊ ဖျော်ရည်ဗူးများစသည့် အသင့်စားမုန့်များ၌ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှုရှိ/မရှိစစ်ဆေးခဲ့ပြီး၊ ကျောင်းသား/သူများ ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များ၊ မုန့်များရောင်းချရန်၊ သက်တမ်းလွန်နေသော မုန့်များမရောင်းချရန် နှင့် တားမြစ်ထားသော ဆိုးဆေးများပါဝင်သည့် အစားအသောက်များ မရောင်းချရန်တို့ကို သက်ဆိုင်ရာ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ မုန့်ဆိုင်ပိုင်ရှင်များအား အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)