Main menu

သထုံမြို့နယ်၊ အ.မ.က (ဘူတာ)ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ

Powered by Drupal

    မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ကျော်မင်း၊ မြို့နယ်တာဝန်ခံ ဒုဦးစီးမှူး ဦးထိန်လင်းထွန်းနှင့် ဝန်ထမ်းများသည် (၂၄.၁၀.၂၀၂၄) ရက်နေ့ နံနက် (၁၀:၀၀) အချိန်တွင် သထုံမြို့၊ အ.မ.က (ဘူတာ) ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။

    ထိုဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးမှ အဖွင့်အမှာစကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ကျော်မင်းမှ ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ စားသုံးသူအခွင့်အရေး (၈) ချက်နှင့်တာဝန် (၄) ချက်၊ ဆိုးဆေးများ အကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

    ဆက်လက်၍ မြို့နယ်တာဝန်ခံ ဒုဦးစီးမှူး ဦးထိန်လင်းထွန်းမှ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသည့် ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူအသုံးပြု စားသုံးကြရန်နှင့် စားသုံးသူများနစ်နာဆုံးရှုံးမှု ဖြစ်ပေါ်လာပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးဌာန (CICC) သို့တိုင်ကြားနိုင်ကြောင်း၊ www.doca.gov.mm website တွင်လည်း ဝင်ရောက်တိုင်ကြားနိုင်ကြောင်း ဆွေးနွေးခဲ့ပြီး အဆိုပါဆွေးနွေးပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းဝင်းလှိုင်နှင့် ဆရာ/ဆရာမ (၆) ဦးကျောင်းသား/ သူ (၁၂၃) ဦးတက်ရောက်ခဲ့၍ လက်ကမ်းစာစောင်များကို ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)