မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၂၅.၁၀.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မင်းဘူးမြို့ပေါ်ရှိ လုပ်ငန်းရှင်(၃၀)ဦး တို့အား မင်းဘူးခရိုင်ဦးစီးမှူးရုံး၌ ခေါ်ယူတွေ့ဆုံ၍ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။
ခရိုင်ဦးစီးမှူးမှ စားသုံးဆီ စားသုံးမှုများပြားလာပါက ကျန်းမာရေးကို ထိခိုက်နိုင်ကြောင်းနှင့် စားဆီများကိုလည်း လျော့ချစားသောက်ခြင်းအားဖြင့် ကျန်းမာရေးအတွက် များစွာ အထောက်အကူဖြစ်ကြောင်း မလိုလားအပ်သည့် ရောဂါများဖြစ်ပွားခြင်းမှ တားဆီးကာကွယ် နိုင်ကြောင်းနှင့် စားသုံးရန်မသင့်သည့် အစားအစာများအကြောင်း ကုန်ပစ္စည်းများကို ရွေးချယ် ဝယ်ယူစားသုံးရာ၌ ပါဝင်သည့် ကုန်အညွှန်းအမှတ်အသားကို သေချာစိစစ်ဖတ်ရှုဝယ်ယူသုံးစွဲကြရန် ကုန်ပစ္စည်း၏ ထုတ်လုပ်သည့်ရက် သက်တမ်းကုန်ဆုံးသည့်ရက် မြန်မာဘာသာဖြင့်ဖြစ်စေ အခြားဘာသာတစ်ခုထက်ပိုတွဲလျက်ဖြစ်စေ ဖော်ပြထားခြင်းမရှိသော ကုန်ပစ္စည်းများကို မသုံးစွဲကြရန် ဈေးကွက်အတွင်းရှိ စားသောက်ကုန်များကို ရွေးချယ်ဝယ်ယူ စားသောက်ကြရန်နှင့် စားသုံးသူပြည်သူများ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက စားသုံးသူရေးရာ ဦးစီးဌာန၏ Call Centre ဖြစ်သော (၁၅၃၅)သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာပေး ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပြီး တက်ရောက်လာသည့် လုပ်ငန်းရှင်မှလည်း သိလိုသည်များအား မေးမြန်းခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)