မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၂၄.၁၀.၂၀၂၄)ရက်နေ့ နံနက်(၁၀:၀၀)နာရီ အချိန်တွင် ဈေးကွက်အတွင်းရှိ ကုန်စည်များတွင် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉) အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ပြည့်စုံစွာပါဝင်ရမည့် အချက်အလက်များကို ပြည့်စုံမှန်ကန်စွာ ဖော်ပြထားခြင်း ရှိ/မရှိနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ စားသုံးရန်မသင့်ဟု တားမြစ်ထားသော ကုန်စည်များရောင်းချမှု ရှိ/မရှိတို့ကို မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မင်းဘူးမြို့ စည်ပင်ဈေးအတွင်းရှိ ကုန်မျိုးစုံအရောင်းဆိုင်များတွင် အဖွားလက်ရာ အမှတ်တံဆိပ်ပါ အသား၊ ငါးဆီသွပ်ဗူးများ၌ ကုန်အညွှန်းအမှတ်အသား ကွဲလွဲမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။ ထိုသို့ ဈေးကွက်ကွင်းဆင်းစစ်ဆေးခဲ့ကြရာ၌ အမေရိကန်နိုင်ငံ စိုက်ပျိုးရေးဝန်ကြီးဌာနက လူထုကျန်းမာရေးဆိုင်ရာ သတိပေးချက် ထုတ်ပြန် ခဲ့သည့် အဖွားလက်ရာအမှတ်တံဆိပ်ပါ အသားဟင်း၊ ငါးဟင်းဆီသွပ်ဗူးများတွင် ရိုက်နှိပ်ထားသော အညွှန်းဖော်ပြချက်များနှင့် စတစ်ကာကပ်၍ ဖော်ပြထားသည့် အညွှန်းဖော်ပြချက်များမှာ တူညီမှုမရှိပဲ ကွဲလွဲမှုများ ဖြစ်ပေါ်လျက်ရှိပါသဖြင့် အဆိုပါကွဲလွဲမှုများကြောင့် စားသုံးသူများ နားလည်မှုလွဲမှားစေနိုင်သည့်အတွက် ပြည်တွင်းဈေးကွက်တွင် အဆိုပါကုည်စည်များ ကုန်အညွှန်း အမှတ်အသား ကွဲလွဲမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ၌ အဖွားလက်ရာ အမှတ်တံဆိပ်နှင့် ပတ်သက်သည့် စားသောက်ကုန်ပစ္စည်း ဆီသွပ်ဗူးများအား ဖြန့်ဖြူးရောင်းချနေခြင်း မရရှိကြောင်း သိရှိခဲ့ရပါသည်။
DOCA(မကွေး)