Main menu

သရက်မြို့တွင် ‌ကျောင်းမုန့်ဈေးတန်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် အသိပညာပေးဟောပြောပွဲဆောင်ရွက်

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၃.၁၀. ၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဦးစီး ဌာနတို့နှင့်ပူးပေါင်း၍ သရက်မြို့ပေါ်ရှိ အနောက်ရပ်တောင်ပိုင်းရပ်ကွက်၊ အောင်သီရိရပ်၊ အခြေခံပညာမူလတန်းကျောင်းတွင် အစားအသောက်များစားသုံးရာတွင် ဘေးကင်းလုံခြုံစိတ်ချ ရမှုရှိစေရေးအတွက် ကုန်းအညွှန်းအမှတ်အသားပြည့်စုံသည့် အစားအသောက်များ၊ ကုန်စည်များအား ရွေးချယ်ဝယ်ယူတတ်စေရန် အသိပညာပေး ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။

   ကျောင်းမုန့်ဈေးတန်းသို့ ကျောင်းမှတာဝန်ရှိဆရာ/ဆရာမများနှင့် သွားရောက်၍ ဈေးဆိုင်ရှင်များအား မြန်မာမုန့်များ ပြုလုပ်ဆောင်ရွက်ရောင်းချရာတွင် သန့်ရှင်းလတ်ဆတ်သည့် အစားအသောက်များကိုသာ ရောင်းချစေရန်၊ အသင့်စားမုန့်များရောင်းချရာတွင်လည်း ကုန်အညွှန်းအမှတ်အသားပြည့်စုံသည့် အစားအသောက်များကိုသာ ရောင်းချရန် စသည့်အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)