Main menu

သရက်မြို့ပေါ်ရှိဆေးနှင့်ဆေးပစ္စည်းရောင်းချသည့် ဆေးဆိုင်ပိုင်ရှင်များအား အသိပညာပေးဟောပြော

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၌ (၂၄.၁၀.၂၀၂၄)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ပါဝင်သောအဖွဲ့ဖြင့် သရက်မြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းရောင်းချသည့် အရောင်းဆိုင်ပိုင်ရှင်များအား အသိပညာပေးဟောပြော ခဲ့ကြောင်း သိရသည်။

   ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ဦးစီးအရာရှိက ၎င်းတို့ဌာန၏ ညွှန်ကြားချက်များ၊ ဆေးပစ္စည်းများရောင်းချရာတွင် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများအား အကျယ်တဝင့်ရှင်းလင်းဆွေးနွေးပြောကြားခြင်း၊ ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းက ဆေးဆိုင်များတွင် ကျန်းမာရေးနှင့်ညီညွတ်သော စည်းမျဉ်းစည်းကမ်းချက်များအတိုင်း ထားရှိစေရေးဆွေးနွေးပြောကြားခြင်းနှင့် စားသုံးသူရေးရာဦးစီးဌာန ဒုတိယဦးစီးမှူးက စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအ‌ကြောင်း၊ မြန်မာနိုင်ငံစားသုံသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် (၂/၂၀၁၉) တွင် ထုတ်ပြန်ထားသော ကုန်စည်အုပ်စု(၈)အုပ်စုတွင် ပါဝင်ရမည့် ကုန်အညွှန်းအမှတ်အသားအကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)