ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အသေးစား၊အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ MSMEs Talk Show စကားဝိုင်းဆွေးနွေးပွဲကို (၂၈.၁၀.၂၀၂၄) ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင် ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့ ကောလိယမင်္ဂလာ စည်ပင်သာယာခန်းမ၌ ကျင်းပခဲ့ပါသည်။
ထိုစကားဝိုင်းဆွေးနွေးပွဲကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးတင်ဦး ဦးဆောင်၍ အေဂျင်စီအဖွဲ့ဝင် တိုင်းဒေသကြီးဦးစီးမှူးများနှင့် ဦးရဲမြင့် (ရဲထွန်း ဆန်စက်၊ ဆီစက်) တို့ မှ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
အဆိုပါ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ MSMEs Talk Show စကားဝိုင်းဆွေးနွေးပွဲသို့ ညောင်လေးပင်ခရိုင်ရှိ ခရိုင်/ မြို့နယ် အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိမြို့ဖများနှင့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
DOCA(ပဲခူး)