Main menu

မုဒုံမြို့နယ်တွင် ငရုတ်ဆီနှင့်အချဉ်ရည်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

    ၁၄.၁၀.၂၀၂၄ ရက်နေ့တွင် မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးညီလွင်အေးသည် မုဒုံမြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ မုဒုံမြို့နယ်ရှိ မြို့မဈေးနှင့် ရပ်ကွက်ကုန်စုံဆိုင်များတွင် ရောင်းချသောဆိုင်များသို့ သွားရောက်၍ ငရုတ်ဆီနှင့် အချဉ်ရည်အမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

    ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဈေးကွက်အတွင်း ရောင်းချနေသော ကြက်ဖအမှတ်တံဆိပ်ငရုတ်ဆီ၊  Hi-Q အမှတ်တံဆိပ်ငရုတ်ဆီ၊ ရွှေခဲအမှတ်တံဆိပ် အချဉ်ရည်၊ Golden Mountain တံဆိပ် အချဉ်ရည်/ငရုတ်ဆီ၊ Chili Saue တံဆိပ်ငရုတ်ဆီနှင့် အချဉ်ရည်အမျိုးမျိုးတို့တွင်  ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိ၊ သက်ဆိုင်ရာဌာနများ၏ ခွင့်ပြုထောက်ခံချက်ပါ/မပါတို့ကို စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိရပြီး ဆိုင်ရှင်များအား စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်အချက်များနှင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းသော ကုန်စည်များကိုသာ ရောင်းချဖြန့်ဖြူးကြစေရန် အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)