Main menu

ဖျာပုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် စက်သုံးဆီ၊စားသုံးဆီ လုပ်ငန်းရှင်များနှင့် အစည်းအဝေး ကျင်းပပြုလုပ်ခြင်း

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ(၂၈)ရက်နေ့၊နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် ဖျာပုံခရိုင်တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့နှင့် ခရိုင်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ၊စားသုံးဆီ အရောင်းကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေး၍ အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။

      အဆိုပါ အစည်းအဝေးကို အခမ်းနားအစီအစဉ် (၆ ) ခုဖြင့် စတင်ကြောင်းကြေငြာပြီး ခရိုင်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့မှ ဥက္ကဌ ဦးတင်လင်းက  အဖွင့်အမှာစကားပြောကြားခဲ့ပြီး စက်သုံးဆီနှင့်စားဆီသည် အရေးကြီးကုန်စည်တွင် ပါဝင်နေသည့်အတွက် ထိန်းကျောင်းဂရုစိုက်၍ ဥပဒေနှင့်အညီ ဆောင်ရွက်ကြရန်နှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း တရားမဝင်ကုန်သွယ်မှုများကို ကန့်သတ်တိုးမြှင့်ထားသည်ဖြစ်၍ လုပ်ငန်းရှင်များအနေဖြင့် အလေးထားလိုက်နာဆောင်ရွက်ရန်လို ကြောင်းပြောကြားခဲ့ပြီး ခရိုင်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့မှ အတွင်းရေးမှူး စားသုံးသူရေးရာဦးစီးဌာန၊ ဦးထွေးသိမ်းမှလည်း ရပ်ကွက်များသို့ ဆီစာအုပ်ဖြန့်ဝေထားရှိမှုအခြေအနေနှင့် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် လိုအပ်သည်များကို ပူးပေါင်းပါဝင်ဆောင်ရွက်ပြီး လမ်းညွှန်မှုများ ခံယူ၍ ထိန်းကျောင်းဆောင်ရွက်လျက်ရှိကြောင်း ၊ ကော်မတီအဖွဲ့ဝင်များ၊ လုပ်ငန်းရှင်များအနေဖြင့်လည်း လိုအပ်သည်များကို ဆွေးနွေးပြောဆိုခဲ့ကြပြီး အစည်းအဝေးသို့ ကော်မတီအဖွဲ့ဝင်(၇) ဦး၊ စက်သုံးဆီလုပ်ငန်းရှင် (၂၆)ဦး၊ စားသုံးဆီအရောင်းကိုယ်စားလှယ်(၁၂)ဦး၊ စုစုပေါင်း (၄၅) ဦး တက်ရောက်ခဲ့ပြီး အစည်းအဝေးကို ညနေ(၁၆:၃၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ပြီးစီးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)